Sunday, July 28, 2013




အမျိုးသား လွှတ်တော်၊ မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်း သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဗီယက်နမ် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ Mr.Nguyen Manh Tien ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇူလိုင် ၂၄ ရက် ၁၁း၀၀ နာရီ အချိန်တွင် နေပြည်တော် ဟေမာဝင်း ဟိုတယ် အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

 အဆိုပါ တွေ့ဆုံပွဲ၌ နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးမှု မှသည် နှစ်နိုင်ငံ အကြား ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စများ ညှိနှိုင်း ဆွေးနွေး ကြပါသည်။

ယင်းတွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော်၊ မြန်မာ - ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်း နှင့် အတူ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဆိုင်ပေါင်နပ်၊ ဦးဘရန်ရှောင်၊ ဦးစောတော်ပလဲ၊ ဦးဟာရှိန်းဘွေ၊ ဦးဆန်းရယ် တို့ တက်ရောက် ကြပြီး ဧည့်သည်တော် ဗီယက်နမ် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်း ဥက္ကဋ္ဌ Mr.Nguyen Manh Tien ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment