Sunday, July 28, 2013

         ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖေါ်ရေးလုပ်ငန်း ကော်မတီ (နတလ) ၏ ကတ္တရာ အလုံးရေ (၁၀၀) ကူညီပံ့ပိုးမှု၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေ ကျပ်သိန်းပေါင်း (၂၅၆.၃၆) ဖြင့် ကျောက်တလုံးကြီး မြို့တွင်းလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ဆောင်ရွက် ပြီးစီးကြောင်း သတင်းရရှိပါသည်။ 
         အဆိုပါ ကတ္တရာလမ်းမှာ လမ်းအကျယ် ၁၂ ပေရှိသော အပိုင်း ၃၉၆၃ ပေ၊ လမ်းအကျယ် ၁၈ ပေရှိသော အပိုင်း (၇၇၆) ပေနှင့် လမ်းအကျယ် ၂၄ ပေရှိသော အပိုင်း ၅၇၀ ပေ၊ စုစုပေါင်း ၅၅၀၉ ပေ ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment